ဒေါ်လာအပြင် နိုင်ငံခြားငွေလဲနှုန်းတွေ ကျဆင်းနေတဲ့အတွက် ပြည်ပကို ကုန်စည်တင်ပို့တဲ့ လုပ်ငန်းရှင်တွေ ထိခိုက်နစ်နာနေပါတယ်။ အမေရိကန်တစ်ဒေါ်လာဟာ ကျပ်ငွေ ၈၇၀-၈၉၀ ကြားရှိခဲ့ရာကနေ ဧပြီလကုန်ပိုင်းလောက်ကစပြီး ထိုးဆင်းခဲ့တာဖြစ်ပါတယ်။လုပ်ငန်းရှင်အများစုကတော့ ဒေါ်လာဈေးကျဆင်းလာရတာဟာ ကျောက်မျက်ရတနာတွေရောင်းချရမှ နိုင်ငံခြားဝင်ငွေဝင်ရောက်လာခြင်း၊ အိမ်ခြံမြေဈေးကွက်ကို အစိုးရက ထိန်းချုပ်ပြီး လေလံပစ်နေခြင်းကြောင့်လို့ပြောဆိုကြပါတယ်။ သို့ပေမဲ့ ဒီထက် နပိုပြီးနက်နဲတဲ့အကြောင်းအရာတွေရှိလိမ့်ဦးမယ်လို့ ပညာရှင်အချို့က ခန့်မှန်းပြောဆိုကြပါတယ်။ ဒေါ်လာဈေးကျပြီး နိုင်ငံခြားကတင်သွင်းလာတဲ့ကုန်ပစ္စည်းဈေးနှုန်းတွေမကျဆင်းတာကြောင့် ပြည်သူအတွက် အခက်အခဲဖြစ်နေကြရပါတယ်။ ဒီပြသနာကို အချိန်မီမဖြေရှင်းနိုင်ခဲ့ရင် နိုင်ငံရဲ့စီးပွားရေးအပိုင်းမှာ ကြီးကြီးကျယ်ကျယ်ထိခိုက်နစ်နာမှု့တွေဖြစ်လာနိုင်ပါတယ်။ ကျနော်တို့ နိုင်ငံက စီးပွားရေးပညာရှင်များနဲ့ စီးပွားရေးစီမံကိန်းရေးဆွဲသူများ ယခုဖြစ်ပေါ်နေတဲ့ပြသနာကို စေ့စပ်သေချာစွာသုတေသနပြုပြီး ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းသင့်ပါတယ်။
No comments:
Post a Comment