Tuesday, June 21, 2011

ဦးနှောက်သာယိုစီးကြပါစေ..နှလုံးသားတွေ မယိုစီးပါစေနှင့်

နိုင်ငံတစ်နိုင်ငံမှာ သယံဇာတတွေ ဘယ်လောက်ဘဲပေါများနေပါစေ အဲဒီသယံဇာတတွေကို ထုတ်ယူသုံးစွဲဖြန့်ဖြူးရောင်းချနိုင်ဖို့အတွက် လူ ဆိုတဲ့ လုပ်အားအရင်းအမြစ်နဲ့ စက်ကိရိယာဆိုတဲ့ နည်းပညာအရင်းအမြစ် လိုအပ်ပါတယ်။ စက်ကိရိယာဆိုတာ ကိုယ့်ဆီမှာမရှိရင် နိုင်ငံခြားက တင်ပို့လို့ရပါတယ်။ အဓိကကတော့ လူမရှိရင်ဘာမှလုပ်လို့မရတာပါဘဲ။ ဒီကနေ့ ကျနော်တို့နိုင်ငံရဲ့ လူဦးရေဟာ သန်း ၆၀ ပတ်ဝန်းကျင်မှာရှိပါတယ်။ အဲဒီအထိမှာ သန်း ၃၀ ခန့်ဟာ အလုပ်လုပ်နိုင်တဲ့လုပ်သားအင်အားစုမှာပါဝင်ပါတယ်။ ဒီအထဲမှာမှ အလုပ်လက်မဲ့ဦးရေဟာ ၂ သန်းပတ်ဝန်းကျင်ရှိနေပါတယ်။ နိုင်ငံခြားမှာ တရားဝင်ရော တရားမ၀င်အလုပ်လုပ်နေတဲ့အရေအတွက်က ၆ သန်းကနေ ၇ သန်းနီးပါးရှိနေပါတယ်။ ထိုင်းနိုင်ငံတစ်နိုင်ငံတည်းမှာတင် ၂ သန်းကနေ ၄ သန်းကြားရှိပါတယ်။ ဒီတော့ လက်ရှိကျနော်တို့နိုင်ငံမှာ အမှန်တကယ်အလုပ်လုပ်နေတဲ့ အင်အားစုဟာ သန်း၂၀ ပတ်ဝန်းကျင်လောက်ဘဲရှိနေပါတယ်။ အဲဒီတော့ ကျနော်တို့နိုင်ငံရဲ့ ပြည်တွင်းထုတ်ကုန် သုံးပုံတစ်ပုံစာဟာ နိုင်ငံခြားရောက်နေတာဖြစ်ပြီး နိုင်ငံရဲ့စီးပွားရေးဟာ တိုးတက်သင့်သလောက်မတိုးတက်တော့ပါဘူး။ နိုင်ငံထဲကပညာတတ်လူတန်းစားတွေဟာ ပြည်တွင်းမှာ စီးပွားရှာရတာ အဆင်မပြေဖြစ်လာတဲ့အတွက် ပြည်ပကိုထွက်ခွာလာကြတယ်။ သူတို့တွေထဲမှာ ၂၀-၃၀ ကြား ငယ်ရွယ်နုပျိုတဲ့သူတွေ ၈၀ ရာခိုင်နှုန်းလောက်ပါဝင်ပါတယ်။ လက်ရှိပြည်တွင်းမှာ လုပ်ကိုင်နေတဲ့ စွမ်းအားစုတွေထဲမှာ ၄၀-၅၀ ကြားလူလတ်ပိုင်းတွေဟာ နောက်ထပ် ဆယ်စုနှစ် တစ်ခု နှစ်ခု ရောက်ရင် အလုပ်မလုပ်နိုင်တဲ့ လူဦးရေထဲကိုရောက်သွားမှာပါ။ အဲဒီအချိန်ကျရင် ကျနော်တို့နိုင်ငံမှာ လုပ်သားရှားပါးတဲ့ပြသနာတွေကြုံတွေ့လာနိုင်ပါတယ်။
နိုင်ငံခြားမှာ အလုပ်လုပ်ကိုင်ကြတဲ့သူတွေအကြောင်းကို တစ်လောက ပြောသံကြားလိုက်ရတာကတော့ နိင်ငံခြားမှာအလုပ်ထွက်လုပ်တာဟာ ကိုယ့်နိုင်ငံအတွက်အကျိုးဖြစ်မယ် အကျိုးရှိတယ်တဲ့။ ဘာကြောင့်လဲဆိုတော့ နိုင်ငံခြားကနေပြီး အတတ်ပညာတွေ လုပ်ငန်းအတွေ့အကြုံတွေရလာတော့ ကိုယ့်နိုင်ငံမှာသင်တန်းတွေပေးစရာမလိုတော့ဘူး၊ ကျွမ်းကျင်လုပ်သားတန်းဖြစ်တာပြီပေါ့တဲ့။ အပေါ်ယံကြည့်ရင်တော့ ဟုတ်တာပေါ့ဗျာ။ လူပြိန်းတွေး တွေးကြည့်ရင်ပေါ့။ ၂၀၁၀ အကုန် ၂၀၁၁ အစပိုင်း ဘန်ကောက်ပိုစ့်မှာ ဖတ်လိုက်ရတဲ့ သတင်းတစ်ပုဒ်က ထိုင်းနိုင်ငံရဲ့လူဦးရေး ဖွံဖြိုးတိုးတက်မှု့နှုန်း၊ တစ်နည်းအားဖြင့် မွေးဖွားနှုန်းပေါ့ဗျာ၊ ဟာနိမ့်ကျနေပြီး လုပ်သားရှားပါးမှု့ပြသနာ အနာဂတ်မှာကြုံရနိုင်တယ်လို့ရေးထားတာဖတ်လိုက်မိတယ်။ မရှေ့မနှောင်းမှာဘဲ ထိုင်းအလုပ်သမားဝန်ကြီးဌာနကရွေ့ပြောင်းအလုပ်သမားတွေကို ၁၀နှစ်ခံကဒ်တို့၊ အလုပ်သမားကဒ်တို့ကို တိုးပေးတဲ့အပြင် ယာယီမြန်မာပတ်စပိုစ့်လုပ်တဲ့ရုံးတွေကိုပါ ထိုင်းနိုင်ငံဘက်ခြမ်းမှာဖွင့်ဖို့အထိစီစဉ်လာကြတယ်။ ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံထက်လူဦးရေပိုပြီးများပါတယ်။ သူ့နိုင်ငံရဲ့ စီးပွားရေးတွေလုပ်ငန်းတွေကို လည်ပတ်ပေးနေတာ ရွေ့ပြောင်းအလုပ်သမားတွေဖြစ်တယ်။ အဲဒီလို တိုးပေးလာတာတွေဖြစ်လာတော့ ဒီအလုပ်သမားတွေ မြန်မာနိုင်ငံကိုပြန်ကြပါ့မလား။ဆယ်စုနှစ် တစ်ခု နှစ်ခု အတွင်းမှာ ကျနော်တို့ နိုင်ငံရဲ့ အခြေခံလစာနှုန်းထားတွေဟာ ထိုင်းနိုင်ငံရဲ့ အခြေခံလစားနှုန်းထားတွေကိုယှဉ်နိုင်မယ်လို့ ဘယ်သူအာမခံလဲ။ နိုင်ငံခြားမှာ ဆယ်စုနှစ် တစ်ခု နှစ်ခုစာ အခြေချနေထိုင်ပြီးရင် တရားဝင်ဘဲဖြစ်ဖြစ် တရားမ၀င်ဘဲဖြစ်ဖြစ် နိုင်ငံသားအဖြစ်ခံယူခွင့်ရှိပါတယ်။ နိုင်ငံခြားသား၊သူ တစ်ယောက်နဲ့ယူပြီး သူများနိုင်ငံသားဖြစ်သွားတဲ့ မြန်မာတွေလည်းအများကြီးပါ။ ကျောင်းအတူတက်နေကြတဲ့သူငယ်ချင်းတွေကိုမေးကြည့်တယ်။ ကျောင်းပြီးရင် မန်မာပြည်ပြန်ပြီး အလုပ်လုပ်မှာလားဆိုတော့ ၁၀ ယောက်မှာ ၂ ယောက်လောက်ဘဲပြန်မယ်ပြောကြတယ်။ ဒီတော့ မြန်မာပြည်မှာ စီးပွားရေး သိသိသာသာပြန်ပြီးဦးမော့လာခဲ့ရင်တောင် မြန်မာပြည်ပြန်မဲ့ ပညာတတ်တွေ အလုပ်သမားတွေ ရှားနေဦးမှာပါ။ အဲဒီတော့ နိုင်ငံခြားကို လူတွေ(လုပ်သားအင်အားစု) အလုပ်ထွက်လုပ်တာဟာ ကိုယ့်နိုင်ငံအတွက်အကျိုးဖြစ်စေတယ်လို့ ထင်မြင်ယူဆကြတဲ့သူတွေသိသင့်တာက ဦးနှောက်ယိုစီးမှု့ (Brain Drain) ကနေ နှလုံးသားယိုစီးမှု့ (Heart Drain) အဖြစ်ကိုပြောင်းလဲသွားနိုင်တယ်ဆိုတာပါဘဲ။ နိုင်ငံခြားမှာ ကျောင်းတက်နေတဲ့သူတွေ အလုပ်လုပ်နေတဲ့သူတွေကို ကျနော်ပြောချင် တိုက်တွန်းချင်တာတော့ ဦးနှောက်တွေယိုစီးပါစေ ဒါပေမဲ့ နှလုံးသားတွေမယိုစီးပါစေနဲ့ဆိုတာပါဘဲ၊

                         ( ဆောင်းပါးလိုရေးထားပေမဲ့ မရေးတတ်တဲ့အတွက် ဆောင်းပါးမဖြစ်ပါ၊ သည်းခံပြီးဖတ်ပေးကြပါ၊ ပါဝင်တဲ့အချက်အလက်တွေဟာ ၂၀၁၀ ခုနှစ်ကိုအခြေခံထားတာဖြစ်ပါတယ်)

1 comment:

  1. I wouldn't blame those who go out and work abroad. I am not sure what is the exact reasons that they left the country and work abroad; but, obviously according to ur statistic, the unemployment is 6.6 already. Maybe they can't get a job that would be able to feed their family; therefore, they go and work abroad.

    I think the one to be blamed is those who control and run all the systems. Those who are abroad do want to stay in their native country including myself, I can't even get a proper education there, not to mention a proper job. So once the way the whole system run changes, I am sure ppl wont leave the country, they will all go back! Dont you worry! :D

    ReplyDelete

Search This Blog