Tuesday, July 12, 2011

ဒိုင်ယာယီထဲက စာတိုပေစများ (၁)

တစ်ယောက်တည်းနေရင်းနဲ့ နေ့တွေညတွေရဲ့ ဖြတ်သန်းခြင်းကို ခံနေရဆဲပါ နွေ...လွမ်းတတ်လို့ပင့်သက်ချပြန်တော့လည်း ညဟာ ပိုပြီးပူသွားတာဘဲရှိမှာမဟုတ်လား..တကယ်ဆိုရင် ကိုယ်တို့နှစ်ယောက်စလုံးက တွေဝေတတ်တဲ့ ခေတ်ပညာတတ် လူပျော့လူညံ့တွေပါနွေ..အတန်းပညာမတတ်တဲ့သူတွေလောက် သတ္တိမရှိသူရဲဘောကြောင်ပြီး ဝေးကွာခြင်းကို ရွေးချယ်ခဲ့ကြတာပါ၊
ဒီတော့လည်းနွေရယ်..ညပေါင်းများစွားကိုရင်ခွင်ဗလာတွေနဲ့ ဖြတ်ကြ
ရဦးမှာပေါ့...တစ်ခုတော့ရှိတယ်နွေ..လောကမှာအမွန်မြတ်ဆုံးက
သစ္စာတရားတဲ့...တို့နှစ်ယောက်စလုံး ဘယ်တော့မှမဖောက်ပြန်ဘူးနော်.
..ဒီကမ္ဘာပေါ်မှာ ကိုယ် နွေ့ကို အချစ်ဆုံးပါဘဲ..နွေ့ကို ကိုယ် တစ်ရက်မှ
မေ့မရခဲ့ပါဘူး...အရာအားလုံးကတော့ သူ့ဘာသာသူ ဘာသိဘာသာ နေနေကြတုန်းဘဲနွေ...

No comments:

Post a Comment

Search This Blog