မနက်ဖြန်ရဲ့ မနက်ဖြန်တွေအတွက် လူတွေ မျက်နှာဖုံးတွေစွပ်ကြ၊ ငိုသံ..ရယ်မောသံတွေကို အပူတပြင်းကြိုဆိုကြ..ငါကတော့ ဘာသိဘာသာဘေးထွက်ထိုင်နေခဲ့တယ်..အရာရာဟာ ဆန့်ကျင်ဘက်တွေနဲ့ ရောထွေးနေလေရဲ့...ဓမ္မတောင်ထိပ်မှာ..လောကပါလနတ်တွေတောင် မျက်နှာလွဲခဲ့တဲ့ငါကတော့ ဘ၀ကို တစ်လမ်းတည်းမောင်းတယ်..တကယ်တော့လည်းဘယ်သူ မှ လိုချင်တာကိုမရနိုင်မှန်းသိကြပြီးသားပါ..မင်းဘာလုပ်မလဲမေးလာကြရင် ဖြစ်နိုင်ရင်ဘာမှမလုပ် ချင်ဘူးလို့ဖြေလိုက်မယ်..အသက်တစ်ချောင်းရှင်သန်နေဖို့အတွက် တစ်ခြားအသက်တွေကို
ဒုက္ခမပေးချင်ပါဘူး..ဒါတွေအားလုံးဟာ လေတိုက်တိုင်းလွင့်နေတဲ့ ငါ့ရဲ့စိတ်ကူးတွေပါ..ရန်ကုန် နဲကျုံပျော်ကားခကတော့ လက်မှတ်တစ်စောင်ကို ၂၀၀၀ ဖြတ်နေတုန်းဘဲနွေ..ဇေကမ္ဘာ ကုမ္မဏီ ကလည်းလမ်းတွေကိုခင်းနေတုန်းပါဘဲ..ငါတို့တွေသာ အိမ်မက်တွေထဲကို လက်ပစ်ကူးနေကြရတာ........
No comments:
Post a Comment