Tuesday, July 12, 2011

သင်းကွဲခြင်း

ဝေသာလီပြည်ဘီလူးဝင်တဲ့နေ့
လောကဓံတရားက ငါတို့နှစ်ယောက်ကို
အရှင်လတ်လတ်ဆွဲခွဲတယ်
လျှပ်ပန်းလျှပ်နွယ်တွေ ထစ်ချုန်းပြတာကိုကြည့်ရင်း
ကိုယ့်ကိုယ်ကိုမိုးကြိုးတွေနဲ့ အကြိမ်ကြိမ်ပစ်ချခဲ့ရတယ်
တစ်နွေလုံး
တစ်ရွက်မှမငုံခဲ့ဘူး
တစ်မိုးတွင်းလုံး
တစ်ရွက်မှလည်း မဝေခဲ့ဘူး
တစ်ဆောင်းတွင်းလုံး နှင်းတွေနဲ့စစ်ခင်း
တစ်ရွက်မှ မကြွေခဲ့ဘူး.........
အဲဒီလိုနဲ့.......သူ မျှော်လင့်နေခဲ့တယ်.................

No comments:

Post a Comment

Search This Blog